Sunday, August 28, 2011
အဲ့ကျရင်ချစ်မယ်
ဆိုးဝါးတဲ့ဘဝ
pagoda လဲမ“မ“နိုင်
ကလေးတွေဝိုင်း
အကြွေးတွေဒေါင်ချာစိုင်းတာမို့
ကလေးတွေသတ်
အကြွေးတွေဆပ်ရင်ဖြင့်
နင့်ကိုငါချစ်မယ်....ဟယ်
---------------------------------------------
ရွှေရုပ်
ပုံရိပ်စစ်
မင်းစိတ်ညစ်နေရင်...မင်းဘေးနားမှာနေရစ်ပြီး
အားပေးစကားတွေ...ငါပြောပေးမယ်...
မင်းပျော်ရွှင်နေရင်...မင်းပိုပျော်လာအောင်လို့
အတွေးစိတ်ကူးလေးတွေ..ငါဖန်တီးပေးမယ်..
ဘာပဲဖြစ်ဖြစ်စိတ်မညစ်ဖို့..ငါတောင်းပန်ချင်တယ်ကွာ
ကြုံလာသမျှအခက်အခဲတွေကို...မင်းတယောက်တည်းမခံစားစေရဘူး
ဆိုးတူကောင်းတူ..မင်းနဲ့ဝေမျှယူမယ်
မင်းစိတ်ထားမှာစွဲမှတ်ထားရမှာက
မင်းအနားမှာ....ငါထာဝရရှိတယ်
နောက်ဆုံးပြောချင်တာက
မင်းဘယ်တော့မှအားမငယ်နဲ့..
အမြဲတမ်းကြိုးစားရမှာက မင်းတာဝန်..
ပူပင်သောကတွေနဲ့ကြုံရပေမယ့်
သူ့နောက်ကွယ်မှာ ပျော်ရွှင်ခြင်းများစွာက
မင်းကိုစောင့်နေလိမ့်မယ်ဆိုတာ
မင်းဘယ်တော့မှမေ့မသွားပါနဲ့နော်........................(မင်းသန့် )
ချစ်သူတမ်းခြင်း
ချစ်တာတွေပြောရတာအားမရလို့
တခါတလေမှာ ငါ့စကားလုံးတွေ
ကဗျာတွေအဖြစ်နဲ့ထွက်ကျ
မင်းကိုတမ်းတမ်းတတချစ်ခဲ့မိလို့
အဲ့ဒီကဗျာတွေဟာ ငါ့ဘ၀မှာ
ပထမဆုံးရူးသွပ်ခြင်း
လက်တွေ့အချစ်ကဗျာတွေပါ ချစ်သူ့  ။
မကြုံဖူးတာတွေက အသစ်အဆန်းဖြစ်နေလို့ 
ငါ့ဘ၀မှာ မင်းနဲ့တွေ့တောမှ
ထူးဆန်းနေရပြီပေါ့ ချစ်သူ
မင်းစကားတွေကကြည်လင်ရွှင်ပြ
ငါ့ကိုလည်း ပွင့်လင်းသပ
မင်းအပြုံးလေးတွေလည်း
ရဲရင့်နေဆဲပေမို့
မင်းပြုံးရီလိုက်တိုင်း
မင်းသွားလှလှလေးတွေက ဖွေးအုနေဆဲပဲ့  ။
ဒီဘ၀မှာတော့ ချစ်သူ့ 
မင်းနဲ့ချစ်ခွင့်ရတာ ငါကံကောင်းတယ်
တကယ်ဆိုရင် မင်းဟာ
မအားလပ်ပေမယ့်
ငါ့အပေါ်ကိုလည်း မင်းဂရုစိုက်တယ်
ကိုယ့်ဘ၀မှာ ယုံကြည်ပြီးစွဲလမ်းမိတာကတော့
မင်းရဲ့ မာယာမပါတဲ့စကားလုံးတွေနဲ့
ရိုးသားပွင့်လင်းမူကိုပဲချစ်သူ့  ။
ချစ်သူရေ မင်းရဲ့စကားတွေအန်ကျတိုင့်း့ 
အမှန်တရားတွေချည်းဖြစ်နေလို့
မင်းစကားတွေဟာအပြစ်ကင်းလှပေါ့
မင်းလိုပွင့်လင်းတဲ့ချစ်သူ
နောက်တယောက်ရှိခဲ့ရင်တောင်
ရှားမှရှားပဲဖြစ်လိမ့်မယ် ချစ်သူ့  ။
ဘ၀ဖြတ်သန်းမူတွေကထူးဆန်းလွန်းတော့ 
မင်းရဲ့စကားလုံးတွေအပေါ်
ရူးသွပ်ခဲ့ရပေါ့
ဘာကြောင့်ရယ်များ မင်းငါ့အပေါ်ကို
ပွင့်လင်းပြီးရင်းပွင့်လင်း
ရိုးသားပြီးရင်ရိုးသားပြနေရတာလဲ ချစ်သူ
လူ့ဘ၀အဖြစ်တွေကဆန်းပြား
ငါရှာနေတာကလည်းအချစ်စစ်တခုပေမို့
တခါက ပုလဲမျက်ရည်များစွာခခဲ့ရတဲ့
မင်းရဲ့  ပုလဲမျက်ရည်သက်သေများစွာနဲ့
ငါဟာ အချစ်စစ်တခုကို ရှာတွေ့ခဲ့ပြီပေါ့
တကယ်လို့ပေါ့ ချစ်သူ
မင်းလိုအချစ်မျိုး နောက်တယောက်ရှာတွေ့ခဲ့ရင်တောင်
မင်းလောက်ကိုယ့်အပေါ် ဂရုစိုက်တဲ့ချစ်သူ
နောက်တယောက် မရှိနိုင်တော့ဘူးနော့့်  ။
ဟိုခြစ်ဒီခြစ်သည်   (မင်းသန့် )
Saturday, May 28, 2011
တောင်းပန်လွှာ
ကျနော်ဆီကို အလည်လာသောမိတ်ဆွေးသူငယ်ချင်းများခင်ဗျာ  ကျနော်ဒီဘလော့ လေးကို ဆက်မေ၇းဖြစ်တော့ ပါဘူး   ကျနော်ယခု  http://oasit.blogspot.com/  အသစ်ဘလော့ လေးမှာ လက်၇ှိေ၇းသားနေလျှက်၇ှိပါတယ်  သူငယ်ချင်းဟောင်းများ လာလည်ပေးဖို့ ဖိတ်ခေါ်ပါ၇စေ ကျေးဇူးတင်ပါတယ်ခင်ဗျာ 
Thursday, March 31, 2011
G-talk မှာဘာသာပြန်လေးတွေထည့်ချင်သူများအတွက်
0
0
ကဲ G-talk မှာမိမိတို့လိုချင်တဲ့ ဘာသာပြန်စနစ်ကိုအကောင့်လေးအပ်လိုက်ယုံနဲ့အသုံးပြုနိုင်ပါပြီ။ကျွန်တော်
အတက်နိုင်ဆုံးစုစည်းဖော်ပြပေးထားပါတယ်။မိမိသိချင်တဲ့ဘာသာစကားကိုအကောင့်လေးအပ်ပြီးဘာသာပြန်
ယုံပါပဲ.....ဥပမာ- en2fr ဆို၇င် ကျွန်တော်တို့က Hello ၇ိုက်လိုက်၇င် သူက Hello ကို French လို HELLO
ကို BONJOUR လို့ပြန်ဖြေပေးမှာဖြစ်ပါတယ်
  • English -Bulgarian       en2bg      bg2en
  • English -Czech            en2cs       cs2en
  • English -Danish           en2da      da2en
  • English -German         en2de      de2en  
  • German - French         fr2de       de2fr 
  •  English  -Greek           el2en en2el
  • English -Spanish         en2es       es2en
  • English -Finnish          en2fi        fi2en 
  • English -French          en2fr        fr2en
  • English -Hindi            en2hi        hi2en    
  • English -Croatian        en2h         hr2en
  • English -Italian           en2it         it2en  
  • English -Japanese       en2ja        ja2en 
  • English -Korean          en2ko       ko2en 
  • English -Dutch            en2nl       nl2en
  • English -Norwegian     en2n        no2en 
  • English -Polish            en2pl       pl2en 
  • English -Portuguese     en2pt      pt2en
  • English -Romanian       en2ro      ro2en
  • English -Russian          en2r        ru2en    
  • English -Swedish         en2sv       sv2en 
  • English -Chinese          en2zh      zh2en  
  • Traditional Chinese -English   zh-hant2en       en2zh-hant
  • Traditional Chinese -Chinese   zh-hant2zh       zh2zh-hant
Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပေးပါ။
အားလုံပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ........
Resent post လေးကို Blogger Add-on လေးနဲ့အလွယ်ဆုံးလုပ်ကြည့်၇အောင်
0
0
ကျွန်တော်ဒီနေ့တော့ကျွန်တော်တို့ဘလော့တွေမှာ Resent post လေးတွေကိုဘေးမှာပုံလေးတွေနဲ့ပုံစံလန်း
လန်းလေးသုံးချင်သူများအတွက်ဘာ Code မှသုံးစ၇ာမလိုပဲ Blogger Add-on လေးကိုသုံးပြီးလုပ်ကြည့်၇
အောင်နော်...။ဒီကောင်လေးကတော်တော်တော့အဆင်ပြေပါတယ်။စိတ်ကြိုက်စာလုံးအေ၇ာင်လေးတွေ၊ ပုံစံလေးတွေ၊ပြီး၇င်မိမိဘလော့နဲ့အံကိုက်ဖြစ်အောင် စိတ်ကြိုက်ပြင်ပြီး Save လိုက်ယုံပါပဲ။အ၇င်ကဒီ Add-on
လေးကိုမသိခင်ကတော့အဲ့လိုပုံစံမျိုးလေးလိုချင်လို့ကုဒ်တွေကိုကိုယ့်ဘလော့နဲ့ကိုက်အောင်လိုက်ပြင်၇တယ်ဗျာ
အခုတော့အဆင်ပြေပြေနဲ့လန်းလန်းလေးသုံးလို့၇သွားပါပြီ။ကျွန်တော့်ဘလော့မှာလဲသုံးထားပါတယ်။သုံးချင်သူ
တွေအတွက်ပုံစံလေးကိုနမူနာကြည့်လို၇အောင်ကျွန်တော်ပုံလေးနဲ့လဲပြထားပေးပါတယ်။ကျွန်တော်ဒီ Add-on လေးကိုသုံးနည်းလေးကိုတော့နည်းနည်းလေးပြောပြပေးပါမယ်။အသုံးပြု၇တာအဆင်ပြေအောင်လို့ပါ။
1.အ၇င်ဆုံးမိမိတို့၇ဲ့ဘလော့အကောင့်လေးကို Sign in ၀င်လိုက်ပါ။ပြီး၇င် ဒီလင့်လေး ကိုသွားလိုက်ပါ။
  အောက်ကပုံလေးအတိုင်းတွေ့ ၇ပါလိမ့်မယ်။
2.Select a blog မှာမိမိတို့ အသုံးပြုတဲ့ဘလော့လေးကိုေ၇ွးလိုက်ပါ။အကောင့်တစ်ခုထဲနဲ့ဘလော့နှစ်ခုသုံးခု
  လုပ်ထားတဲ့သူတွေအတွက်ပါ။တစ်ခုထဲဆို၇င်တော့မလိုပါဘူး။ပြီး၇င် CONFIGURE GADET ကိုနှိပ်လိုက်
  ပါ။
3.ဒါဆို၇င်တော့ကျွန်တော်တို့အောက်ကပုံလေးအတိုင်း CONFIGURE GADET လေးကိုတွေ့ ၇မှာဖြစ်ပါ
  တယ်။အဲ့ဒီမှာကျွန်တော်တို့စိတ်ကြိုက်ပြင်လို့၇ပါတယ်။
4.Title နေ၇ာမှာမိမိတို့ကြိုက်သလိုနာမည်ပေးလို့၇ပါတယ်။ကျွန်တော်ကတော့တင်ပြီးသမျှများလို့နာမည်ပေး
  ထားပါတယ်။
5.External Blogger URL မှာတော့မိမိတို့ ဘလော့၇ဲ့ URL လေးကိုထည့်ပေးလိုက်ပါ။
   ( http://nayminmaungmaung.blogspot.com/ ) ကိုပြောတာပါ။
6.Number of Posts to Display မှာတော့မိမိတို့ဖော်ပြချင်တဲ့ပို့ဒ်အေ၇အတွက်ကိုပေးလိုက်ပါ။ကျွန်တော်
  ကတော့ 7 ခုပေးထားပါတယ်။
7.Post Meta Style မှာတော့ မိမိတို့ထားချင်တဲ့ပုံစံလေးကိုေ၇ွးလို့၇ပါတယ်။ကျွန်တော်ကတော့ more တစ်ခု
  ပဲထားပါတယ်။
8.Font နဲ့ Font Size မှာမိမိတို့ကြိုက်တဲ့ Font ပုံစံနဲ့ မိမိဘလော့နဲ့ကြည့်ကောင်းမဲ့အ၇ွယ်အစားကိုေ၇ွးလိုက်
   ပါ။
9.Extra Styling မှာတော့မိမိတို့ထားချင်တဲ့ပုံစံလေးကိုေ၇ွးလိုက်ပါ။ကျွန်တော်ကတော့ပုံလေးကိုဘယ်ဘက်
  မှာထားလိုက်ပါတယ်။
10.Border Colour , Text Color , Link Color တွေမှာတော့မိမိတို့ဘလော့နဲ့ကိုက်ညီမဲ့အေ၇ာင်လေးတွေ
ေ၇ွးပြီးထည့်လိုက်ပါ။အေ၇ာင်လေးတွေကိုတော့ ဒီလင့်လေး မှာသွားယူလိုက်ပါ။
11.Height , Maximum Length of the Post Title ,Thumbnail Dimensions နဲ့ Summary Length မှာ
    တော့မိမိတို့စိတ်ကြိုက်ထားလိုက်ပေါ့ဗျာ။မိမိတို့စိတ်ကြိုက်ပြောင်းပြီးပြီဆို၇င်တော့ Save ယုံပါပဲ။
ကျန်တာကတော့အားလုံးပဲလုပ်တက်မယ်လို့ထင်ပါတယ်။ကျွန်တော်သိထားတာလေးကိုပြန်ပြီးမျှဝေပေးတာ
ပါ။အဆင်မပြေတာများ၇ှိ၇င်ပြန်ပြီးမေးနိုင်ပါတယ်။အောက်ကပုံလေးကတော့ကျွန်တော်ပြောင်းထားတဲ့ပုံလေး
ပါ။
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ.....
Gom Player 2.1.25.5015 Final + Mega Pack Skins
ကျွန်တော်ဒီနေ့တော့GomPlayer လေးကိုလန်းလန်းလေးသုံးချင်သူများအတွက် Mega Pack Skins
လေးနဲ့တင်ပေးလိုက်ပါတယ်။မိမိစက်မှာ Gom Player မ Run ၇သေးတဲ့သူများကတော့ကျွန်တော်ပေးထား
တဲ့ Gom Player 2.1.25.5015 Final လေးကိုအ၇င် Run လိုက်ပေါ့ဗျာ။၇ှိပြီးသားသူတွေကတော့မလိုပါဘူး။
Skins ဆိုတဲ့folder လေးထဲကိုသွားပြီးမိမိတို့စိတ်ကြိုက်ပုံစံလေးတွေကိုကလစ်နှစ်ချက်နှိပ်ပြီးချိန်းလိုက်ယုံ
ပါပဲ။ပုံစံလေးတွေကတော့တော်တော်စုံပါတယ်။ကျွန်တော်အပေါ်မှာပုံလေးတွေနဲ့လဲပြထားပေးပါတယ်။
အသုံးပြုချင်သူများအတွက်ကျွန်တော်အောက်မှာဒေါင်းလော့လင့်လေးပေးထားပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ........ကျေးဇူးတင်ပါတယ်ခင်ဗျာ......
Friday, March 25, 2011
google
သိသေးတဲ့သူတွေအတွက်GoogleToolbarလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ....ကျွန်တော်
တို့ Firefoxကိုသုံးတဲ့အခါမှာမိမိတို့မှတ်သားချင်တာလေးများကိုBookmarkလေးနဲ့သိမ်းဆည်းလေ့၇ှိပါတယ်..
တကယ်လို့မိမိတို့ကွန်ပျူတာကို Windows အသစ်တင်တဲ့အခါမှာအဲ့ဒီBookmarkလေးထဲမှာသိမ်းဆည်းထား
လေးတွေကပျောက်သွားမှာဖြစ်ပါတယ်......
ဒီGoogleToolbarလေးကိုinstallလုပ်ထားလိုက်မယ်ဆို၇င်တော့မိမိremoveမလုပ်သေ၇ွ့ဘယ်တော့မှပျောက် သွားမှာမဟုတ်တော့ပါဘူးနောက်ပြီးမိမိတို့ဖွင့်ထားတဲ့ဆိုဒ်ကတခြားဘာသာ စကားတစ်ခုနဲ့ေ၇းထားလို့ အင်္ဂလိပ်လိုပဲဖြစ်မိမိသိချင်တဲ့ဘာသာစကားတစ်ခုကိုပဲဖြစ်ဖြစ်အဆင်သင့် Translate လုပ်လို့လဲ၇ပါတယ်.... ကျွန်တော့တို့အသုံးပြုနေကျblogger.com,facebook,gmail,တို့ကိုshareလေးထဲကနေပြီးတော့အလွယ်တ
ကူသွားလိုက်ယုံပါပဲ.........ကျွန်တော်ကတော့အ၇မ်းအသုံးဝင်တယ်လို့ထင်ပါတယ် ... မိမိ Firefox လေးမှာအသုံးပြုချင်တယ်ဆို၇င်တော့  ဒီလင့်လေး မှာသွားပြီး   Install လုပ်လိုက်ပါနော်........
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ.........
gmail
ကိုယ့်ရဲ့  Gmail အကောင့်ထဲကို ကိုယ်လက်မခံချင်သူရဲ့  Mail တွေရောက်မလာအောင်၊ ကိုယ်လက်မခံချင်တဲ့ စကားလုံးမျိုးတွေပါတဲ့ Mail တွေရောက်မလာအောင် ပိတ်ပင်တားဆီးလို့ရပါတယ်။ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။
၁။ မိမိရဲ့  Gmail အကောင့် ကို ဖွင့်လိုက်ပါ။
၂။ ညာဘက် ထိပ်ထောင့်နားက Setting ဆိုတာလေးကို Click လိုက်ပါ။
၃။ Filters ဆိုတာကို Click ပါ။
၎။ အောက် အလယ်နားက Create a new Filter ဆိုတာကို Click ပါ။
၅။ From ဆိုတဲ့နေရာမှာ ကိုယ်လက်မခံချင်တဲ့ သူရဲ့  အီးမေးလ် လိပ်စာထည့်ပါ။ (သို့မဟုတ် ကိုယ်လက်မခံနိုင်တဲ့စကားလုံး မျိုးကို တားဆီးချင်ရင် Has the words ဆိုတဲ့အကွက်မှာ တားဆီးချင်တဲ့ စကားလုံးကို ရိုက်ထည့်ပါ။)
၆။ ပြီးရင် Next Step ဆိုတဲ့ Button ကို Click ပါ။ Delete it ဆိုတဲ့ Check box လေးကို အမှန်ခြစ်ဖြစ်အောင် ကလစ်ပါ။ ပြီးရင် Create Filter ဆိုတဲ့ Button လေးကို ကလစ်ပါ။
၇။ ဒါဆိုရင် Filter တစ်ခုဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။ ကိုယ့်ဆီကို အဲဒီလိပ်စာက မေးလ် (သို့မဟုတ် စကားလုံးပါသောမေးလ်) ၀င်လာရင် ပို့လိုက်သူမသိစေပဲ တားဆီးဖျောက်ဖျက်သွားပါလိမ့်မယ်ဗျာ။ 
အားလုံးပဲအဆင်ပြေကြပါစေ........
Gtalk ဆိုင်၇ာ
အခုပြောပြမယ့်နည်းလမ်းလေးက G-talk
အကောင့်ထဲမှာမိမိမထားချင်တော့တဲ့သူ၇ဲ့အကောင့်ကိုဘလော့မှာမဟုတ်ဘူးနော်....Delete လုပ်ပစ်မှာလုံးဝ
ကိုမ၇ှိတော့အောင် Delete လုပ်ပစ်မဲ့နည်းလမ်းလေးပါ။အခုလိုလုပ်ပစ်လိုက်တဲ့အတွက်မိမိ Delete လုပ်ပစ်တာ
ကိုတဖက်လူကလဲမသိပါဘူး။ဘလော့လုပ်ထားလားဆိုတာကိုဘယ်လိုသိနိုင်မလဲဆိုတဲ့နည်းလမ်းလေးနဲ့လဲစမ်း
သပ်ကြည့်လို့်မ၇ပါဘူး။သူ၇ဲ့အကောင့်မှာတော့ ကိုယ့်အကောင့်က Offline လေးအနေနဲ့ပဲ၇ှိနေမှာပါ။
အောက်ကနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်....
1.အ၇င်ဆုံးမိမိတို့၇ဲ့ G-mail အကောင့်လေးကိုဖွင့်လိုက်ပါ။G-mail ထဲကနေသွားပြီးလုပ်၇မှာမို့လို့ပါ။ပြီး၇င်
  ကျွန်တော်တို့ Mail ဆိုတာလေး၇ဲ့အောက်က Contact ဆိုတာလေးကိုနှိပ်လိုက်ပါ။ ပြီး၇င်မိမိဘလော့ချင်
  တဲ့သူ၇ဲ့အကောင့်ကို၇ှာပါ။
2.တွေ့ ပြီဆို၇င်အဲ့ဒီအကောင့်ကို အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးပြီဆို၇င် More actions ကိုသွားပါ။ 
   Delete contacts ဆိုတာကိုနှိပ်လိုက်ပါ။ဒါဆို၇င်မိမိတို့ Delete လုပ်ချင်တဲ့လူ၇ဲ့အကောင့်ဟာမိမိအကောင့်
   ထဲမှာလုံးဝကို၇ှိတော့မှာမဟုတ်ပါဘူး။
အားလုံးပဲအဆင်ပြေကြပါစေ......
shut down အလွယ်ချနည်း
ကျွန်တော်တို့ Shutdown ချချင်တဲ့အခါ Start Menu ကိုသွားစ၇ာမလိုပဲအလွယ်တကူ Shutdown ချလိုက်ယုံပဲလေ.။အလွယ်တကူသုံးလို့၇တာပေါ့ဗျာ..
အဲ့ဒီ Icon လေးကို Destop ပေါ်ကမိမိနှစ်သက်တဲ့နေ၇ာမှာထားပြီး Shutdown ချချင်တဲ့အခါအဲ့ဒီ Icon လေး
ကိုကလစ်နှစ်ချက်နှိပ်လိုက်ယုံပါပဲ။သုံး၇တာအ၇မ်းအဆင်ပြေပါတယ်။အဲ့ဒီကောင်လေးကိုဘယ်လိုလုပ်၇မလဲ
ဆိုတာကိုတော့ကျွန်တော်အောက်မှာပြောပြပေးထားပါတယ်။
1.ပထမဦးစွာ Destop ပေါ်မှာ Right Click ထောက်ပြီး New ထဲမှ shortcut ကိုေ၇ွးလိုက်ပါ။
2.ဒါဆို၇င် Create Shortcut ဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။
3.Type the location of the item: ဆိုတဲ့ဘောက်လေးထဲမှာ shutdown -s -t 0 ဆိုပြီး၇ိုက်ထည့်လိုက်ပါ။
   ( " 0 "နေ၇ာမှာမိမိတို့ ကြိုက်နှစ်သက်တဲ့ time ကိုပေးလို့ ၇ပါတယ်။ Icon လေးကိုနှိပ်လိုက်၇င်
     Shutdown ကျသွားမဲ့အချိန်ဖြစ်ပါတယ်။ )
4.ပြီး၇င် Next ကိုနှိပ်လိုက်ပါ။ type a name for this shortcut ဆိုတဲ့နေ၇မှာမိမိတို့ စိတ်ကြိုက်နာမည်ကို
   ထည့်လို့၇ပါတယ်။ပြီး၇င် Finish ကိုနှိပ်လိုက်ပါ။ဒါဆို၇င်မိမိတို့ Destop ပေါ်မှာမိမိတို့ပေးထားတဲ့နာမည်
   လေးနဲ့ Shutdown icon လေးပေါ်လာပါလိမ့်မယ်။
 6.ပေါ်လာတဲ့ Shutdown Icon လေးကိုမကြိုက်လို့မိမိတို့စိတ်ကြိုက် Icon လေးတွေကိုပြောင်းချင်တယ်ဆို
   ၇င်တော့ Shutdown icon လေးကို Right Click နှိပ်လိုက်ပါ။ပြီး၇င် Properties ကိုသွားလိုက်ပါ။ ကျလာ
   တဲ့ Box လေးထဲမှ change icon ကိုနှိပ်ပြီးပြောင်းလိုက်ယုံပါပဲ။အောက်မှာလဲပုံလေးတွေနဲ့ပြထားပေးပါ
   တယ်။
Saturday, March 19, 2011
Wednesday, March 16, 2011
နိယာမ
ကျွန်တော်သူ့ကိုချစ်သည် -
သူလည်းကျွန်တော်ကိုချစ်သည်
-ထိုမှစ၍ ဒုက္ခတွေ စကြလေသတည်း ..
                                          ဇော်မင်းခိုင်(န၇ထ)
Firefox အတွက် Shortcuts လေးများ
Ctrl+T                         =            Tab အသစ်ကိုခေါ်ယူတာ
Ctrl+PageDown           =            အရှေ့ Tab သို့ကူးရင်သုံးတာ      
Ctrl+PageUp               =            အနောက် Tab သို့ပြန်ကူးတာ
Ctrl + (1-9)                  =            Tab ကျော်ပီးခေါ်တာ ( ဥပါမာ Tab သုံးခုဖွင့်ထားတယ်ဆိုရင် 1 ကနေ 3 ကိုကူးချင်ရင်
                                               Ctrl+9 ကိုနှိပ်ပီးတော့ သုံးကနေ တစ်ကို ကူးချင်တယ်ဆိရင် Ctrl+1 ကိုနှိပ်ပါ.)
Ctrl + N                      =            New Window ခေါ်ယူတာ.
Ctrl + L or Alt + D or F6 =          location bar ကိုသွားတာ
Ctrl + K or Ctrl + E       =           Search Bar ကိုသွားတာ.
Ctrl + O                       =           local file ကိုဖွင့်တာ.
Ctrl + W                      =           Close tab, or window ( Tab ဖွင့်ထားတာများရင် တစ်ခုချင်းပိတ်တာ.)
Ctrl + Shift + W           =           Close window  ( Tab အများကြီးဖွင့်ထားတဲ့အခါ
                                               အကုန်လုံးကိုပိတ်တာ)
Ctrl + S                      =           local file ရဲ့ Page ကို သိမ်းတာ
Ctrl + P                     =           Print page
Ctrl + F or F3             =          Open find toolbar.
Ctrl + G or F3            =          Find next toolbar
Ctrl + Shift + G or Shift + F3  =  Find previous toolbar
Ctrl + B or Ctrl + I      =          Open Bookmarks sidebar
Ctrl + H                    =          Open History sidebar
Escape                    =          Stop loading page
Ctrl + R or F5           =          Reload current page.
Ctrl + Shift + R or Ctrl + F5  = Reload current page
Ctrl + U                   =          View page source
Ctrl + D                   =          Bookmark current page
Ctrl + Equals (+/=) or Ctrl + NumpadPlus   =  Increase text size
Ctrl + NumpadMinus or Ctrl + Minus  =   Decrease text size
Ctrl + Numpad0 or Ctrl + 0   =  မူလ text size အရွယ်အစားအတိုင်း
Alt + Left or Backspace       = နောက်သို့
Alt + Right or Shift + Backspace = ရှေ့သို့
Alt + Home      =    Open home page
Ctrl + J            =    Open Downloads dialog
Shift + F6        =    location Frame ကိုဖွင့်ချင်တဲ့အခါ
Apostrophe (’)  =     Location မှာ ရေးထားတဲ့ Link တွေကို ရှာတာ
Slash (/)          =     Find text as you type
Drive Letter တွေကို ဘယ်လိုချိန်းမလဲ ??
ကျွန်တော်ခုပြောမှာက ဥပမာ သူငယ်ချင်းတို့က Game ဆိုတဲ့ Drive ကို
E လို့ပေးထားတယ်ဆိုပါဆို့။ အဲ့ဒီ E ကို ပြောင်းမှာ ပါ။ အဲ့ဒါကိုဆိုလိုချင်တာပါ။ကျနော်ကွန်ပျူတာ စဆင်တော  partion ကို စခွဲကတည်းက ဘယ်လိုလုက်တာလဲ မေးချင် ပေမဲ့ မမေးခဲ့ ပဲနဲ့ နောက်မှ မေးပြီးပြန်လည်မျှဝေတာပါ  
အရင်ဦးဆုံးသူငယ်ချင်းတို့ Run ကနေပီးတော့ diskmgmt.msc ဆိုပီးတော့
တိုက်လိုက်ပါ။
သို့တည်းမဟုတ် My computer ကို Right-Click နှိပ်ပီးတော့ Manage
ကိုသွားလိုက်လည်းရပါတယ်။
Disk Management ဆိုတာ ပေါ်လာပါလိမ့်မယ်။
အဲ့ဒီမှာ Disk 0 နဲ့တန်းတန်းမှာ ဗျာ C D E ဘာညာနဲ့ ရှိပါတယ်။ အဲ့ဒီမှာ
သူငယ်ချင်းတို့ပြောင်းချင်တဲ့ Disk ကို Right Click ထောက်လိုက်ပါ။
ပီးရင်တော့ အောက်မှာကျွန်တော်ပြထားသလိုမျိုး Change Drive Letter and Paths ကို ရွေးပေးလိုက်ပါ။
အဲ့ဒါနဲ့ဖွင့်ပီးပီဆိုရင်တော့ သူနဲ့ ဆိုင်တဲ့ Box လေးကျလာပါလိမ့်မယ် ။ အဲ့ဒီမှာ Change ဆိုတာလေးကို
နှိပ်ပေးလိုက်ပါ။ ပီးရင်တော့နောက်ထပ် Box လေးတစ်ခု ထပ်တပ်လာပါလိမ့်မယ်။
အဲ့ဒီသူ့ရဲ့ ညာဘက်မှာ Down Arrow လေးနဲ့ ပြထားပါတယ်။
အဲ့ထဲမှာ Letters တွေရှိပါတယ် မိမိနှစ်သက်တဲ့ Letter ကိုရွေးပီးတော့ ထားလိုက်ပါ။
ပီးရင်တော့ Ok Ok နှစ်ခါပေးလိုက်ပါ။ ပီးရင်တော့ အောက်ကလို ထပ်တပ်လာပါတယ်။
အဲ့ဒီနေရာမှာ Yes ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင်ရပါပီ။ မိမိနှစ်သက်တဲ့ Letter လေးတွေကို
ထားသိုနိုင်ကြပါစေဗျာ...
Movie ဖြင့် Desktop wallpaper ပြုလုပ်ကြည့်ခြင်း
ကျနော်တင်တာတွေကကလေးကစားစ၇ာဖြစ်ချင်ဖြစ်နေမှာပါ  ဒါပေမဲ့ ပေါ့ဗျာ   ကျနော်သိတာလေးပေါ့ ဒါကိုပြုလုပ်မယ်ဆိုရင်တော့ VLC Player နဲ့မှ ပြုလုပ်လို့ရပါမယ်.။ အင်မတန်လွယ်ကူပါတယ်.။ ပြုလုပ်ကတာလည်း
VLC Player ရှိတဲ့သူတွေကတော့ အောက်ကကျွန်တော် ပြောထားသလိုဆက်လက်လုပ်ဆောင်နိုင်သလို မရှိသေးတဲ့
သူငယ်ချင်းများကလည်း Dမှာ ဒေါင်းလိုက်ပါ.။
ဒေါင်းပီးရင်တော့ အောက်ကအတိုင်းဆက်လက်လုပ်ဆောင်လိုက်ပါ.။
အရင်ဆုံး VlC ကို ဖွင့်ပါ.။ ပီးရင် Tool မှ Preferences ကိုသွားလိုက်ပါ.။
ပီးရင်တော့ Video ထဲကို ၀င်လိုက်ပါ.။ Video Setting ထဲမှာ DirectX ဆိုတာကို ရှာလိုက်ပါ.။
သူ့ကို Check ပေးလိုက်ပါ.။
ပီးရင်တော့ Save ကို နှိပ်ပီး Save လိုက်ပါ.။
အားလုံးပီးရင်တော့ Video File တစ်ခုကို Desktop ပေါ်ကို ယူပီးတော့ VLC Player နဲ့ဖွင့်လိုက်ပါ.။
ကျနော်သိတဲ့ အ၇ာတခုမျှဝေတာပါ
Win 32 Services Error ကို ဖြေရှင်းတဲ့နည်းလမ်းလေးပ့ါ
 ဒါလေးက   ကျနော်  xpမှာမြင်ဖူးတဲ့   အ၇ာလေးပါ  ဘာ၇ယ်တော့ မဟုတ်ဘူးပေါ့   တက်တက်လာတော့ စိတ်အနှောင့် အယှက်ဖြစ်တာပေါ့ ဗျာ   ကျနော် သူငယ်ချင်း  ( ငယ်နိုင် )နဲ   мгу  ကျောင်းကနေ မ လာတဲ့  ကွန်ပျူတာလေးကနေ  ဘယ်လိုလုက်၇မလဲ မေး၇င်းနဲ့ ပေါ့ ဗျာ   မသိတဲ့ သူတွေအတွက်ပါ မြန်မာ မှာသာ  p4 အများစုသုံးနေတုန်းမို့ ပါ  ပြည်ပေ၇ာက် သူများအတွက်တော့ လိုမယ်မထင်တော့ ပါဘူး      အကယ်၍များ အောက်ကအတိုင်း တတ်တတ်လာတဲ့ Win 32 Services Error ကို ဖြေရှင်းတဲ့နည်းလမ်းလေးပါ..။
My computer >> Properties>>Advanced>>Error Reporting >>Disable Error Reporting ကို ရွေးပေးလိုက်ပါ..။
ပီးရင်တော့ OK ပေးလိုက်ပါ..။
Sunday, March 6, 2011
မချစ်တက်သာလား ချစ်တက် လွန်းတာလား
စေတနာ က မျက်၇ည်တစဖြစ်ခဲ့  ၇င် မောင့် နှလုံးသားနဲ့ သုတ်ပေးချင်တယ် ဝေးကွာမှုနဲ့ သတိ၇ခြင်းက စိုး၇ိမ်မှုလွန်ကဲနေခဲ့ ၇င် ခွင့်လွတ်ပေးဖို့ မတောင်းဆိုဘူး မယုံကြည်ဘူးလားလို့ လဲ မမေးပါနဲ့  ယုံကြည်မှုကင်းမဲ့ စွာချစ်တက်တာ၊ တွန့် တိုခြင်း တွေ နဲ့ ချစ်တက်ခဲ့တာတွေက မောင် ခန္ဒာကိုယ် က ချွေးစက်ဆို၇င်တောင် သုတ်ပစ်ဖို့ ဘယ်တော့ မှမကြိုးစားဘူး အလိုလို ပျောက်ပျက်သွားချိန်
ဒါမှမဟုတ် မ သုတ်ပေးမဲ့ အချိန်ေ၇ာက်မှသာ မောင် ခွင့် ပြုမယ် ဒီချွေးစက်တွေက အပစ်တခုဆိုခဲ့၇င်ပေါ့းးးးးးးးး
ချစ်သူပုံပြင်
ပြန်မဆုံခြင်းနေ့ ၇က်တွေကို
ေ၇ှာင်ကွင်းနိုင်ခြင်းကင်းမဲ့ အောင်
ထားသွား၇က်တဲ့ မေ့ ကို
မေ့ မ၇ခြင်းများစွာနဲ့ 
ကို သတိ၇နေမယ်
လညပတ်နေတဲ့ သွေးတွေ ၇ပ်တန့် ကုန်တော့ မှ
ကို ချစ်ခြင်းတွေ သေဆုံးစေမယ်
ပြန်လာမှ မေ့ မျက်ဝန်းက ချစ်ခြင်းတွေကို
ဖတ်ပြီး ကို အပေါ်ဘယ်လောက်ချစ်လဲ ဆိုတာ မေးမယ် ကြံမှ
ထားသွား၇က်တဲ့ မေ့ ကို ပစ်ခွာမသွားခြင်းဆိုတဲ့ နှောင်ကြိုးနဲ့ 
ကိုဘ၀ဆုံးတဲ့ အထိချစ်သွားမယ်
ကျေးဇူးပြုပြီးတော့  မေ့ အငွေ့ အသက်မ၇ှိတော တဲ့ 
အုတ်ဂူမှာကဗျာဆန်ဆန် ပန်းစီးတော့  မချပါ၇စေနဲ့ 
ကို မျက်၇ည်တွေကို ကို ကိုယ်တိုင် ထန်းးချူပ်နိုင်စွမ်းမ၇ှိသလို
မျက်၇ည်တွေမြေခ အလွမ်းညကိုလဲ ဖြတ်ကျော်နိုင်ဖို့  အင်အား
ကိုမှာမ၇ှိဘူးလေ
မေ့ အပြုံး မေ့ မျက်နှာ ကိုတောင် နောက်ဆုံးမြင်တွေ့ ခွင့် မ၇နိုင်တော့တဲ့ 
ကို အဖြစ်က ဆောင်းညမှာမက်တဲ့ အိမ်မက်လိုပဲ ပုံပြင်ဆန်လွန်းလှတယ်
သေချာပါတယ် မေ
အ၇င်က မေ့ စိတ်နဲ့  အသက်၇ှင်တဲ့ ဘ၀ကနေ
မျော်လင့် ခြင်းတွေပျောက်ေ၇ာက်ချင်၇ာေ၇ာက်ဆိုတဲ့ စိတ်နဲ့ 
ဘ၀ကိုဆက်လျောက် ကို လမ်းပျောက်နေပြီ မေ .........။
Friday, March 4, 2011
ဖျက်လို့မရတဲ့ ဖိုလ်ဒါ ဆောက်ကြည့်ရအောင်
ဒီတစ်ပတ် အပျော်တမ်းလှည့်ကွက်တစ်ခုဖြစ်တဲ့ ဖျက်လို့မရတဲ့ ဖိုင်နဲ့ ဖိုလ်ဒါ ဆောက်နည်းလေးကို အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
NTFS စနစ်အသုံးပြုတဲ့ Windows XP, Win2000, Win7 နဲ့ Vistaတွေမှာ ဖိုင်နဲ့ ဖိုလ်ဒါတွေကို နာမည်ပေးတဲ့အခါ ကန့်သတ်ချက်တွေ ရှိပါတယ်။ Windows API ခေါ်တဲ့ ကွန်ပျူတာပရိုဂရမ်ရေးသားမှု အကန့်အသတ်တွေကြောင့် ဖိုလ်ဒါနဲ့ ဖိုင်တွေကို AUX, CON, NUL, COM1, LPT1 စတဲ့ အမည်တွေ အလွယ်တကူ ပေးလို့မရပါဘူး။
ဥပမာ-ကွန်ပျူတာမှာ ဖိုင်(သို့မဟုတ်)ဖိုလ်ဒါတစ်ခုကို AUX အမည်ပေးပြီး တည်ဆောက်ကြည့်ပါ၊ လုပ်လို့ မရတာတွေ့ရပါမယ်။
ဒီကန့်သတ်ချက်ကို အသုံးပြုပြီးတော့ ဖိုင်နဲ့ ဖိုလ်ဒါတွေတည်ဆောက်ထားနိုင်မယ်ဆိုရင် ၎င်းဖိုလ်ဒါနဲ့ဖိုင်တွေကို ဖျက်ပစ်လို့မရနိုင် တော့ပါ။
အထက်ကဖော်ပြခဲ့တဲ့ အမည်တွေနဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေတည်ဆောက်မယ်ဆိုရင်တော့ DOS Command ကို အသုံးပြုပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။
Command prompt မှာ C:\>md C:AUX လို့ ဖိုလ်ဒါဆောက်ကြည့်မယ်ဆိုရင် Directory name is invalid. ဆိုပြီး AUX ဖိုလ်ဒါကို တည်ဆောက်မရကြောင်း ဖော်ပြပါလိမ့်မယ်။
အောက်ဖော်ပြပါအတိုင်း တည်ဆောက်ကြည့်မယ်ဆိုရင်တော့ တည်ဆောက်လို့ ရရှိသွားပါလိမ့်မယ်။
C:\>md \\.\C:AUX လို့ Command Prompt မှာ ရိုက်ပြီး Enterခေါက် လိုက်ပါ။ AUX ဖိုလ်ဒါကို တည်ဆောက်လို့ ရသွားမှာဖြစ် ပါတယ်။ နောက်ပြီး တည်ဆောက်ထားတဲ့ ဖိုလ်ဒါကို ဖျက်ကြည့်ပါ။ ဖျက်လို့မရတာကို တွေ့ရပါလိမ့်မယ်။ AUX ဖိုလ်ဒါထဲကို တခြား ဖိုင်တွေကူးထည့်ကြည့်ပါ။ ကူးထည့်လို့ရတာတွေ့ ပါလိမ့်မယ်။
၎င်း AUX ဖိုလ်ဒါကို ဖျက်ချင်ရင်တော့ C:\>rd \\.\C:AUX ဆိုပြီး Command Prompt ကနေ ရိုက်ထည့်ပြီး ဖျက်ရမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါနည်းနဲ့ ဖိုလ်ဒါတစ်ခုတည်ဆောက်ထားမယ်ဆိုရင် မျက်စိမှောက်ပြီး ဖိုလ်ဒါဖျက်ပစ်မိတဲ့ အမှားက ကင်းလွတ်နိုင် ပါကြောင်း ဒီတစ်ပတ် အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
Wednesday, March 2, 2011
လိုချင်၇င်တောင် မ၇နိုင်တော့ တဲ့ အတိတ်မှာ
မင်း၇ဲ့ အ၇ိပ် ၇နံဟန်ပန် သ
လိုချင်၇င်တောင် မ၇နိုင်တော့တဲ့  အတိတ်မှာ
မင်း၇ဲအ၇ိပ်
၇နံ ၊ဟန်ပန် ၊ သ
တိုက်လေယာဉ် ပထမအသုတ် မတ်လတွင် ရောက်မည်
မြန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခုဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ အတွက် လေယာဉ်ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက်အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သေးသည်။
၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည်အပြင် တခြားဒုံးကျည်များ တပ်ဆင်နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့်သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။
တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင်လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံးစရိတ်အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
Gtalk ဆိုင်၇ာ
၁။ Ctrl + E – It centralizes the selected text, or the current line.
၂။ Ctrl + R – It justifies to the right the selected text, or the current line.
၃။ Ctrl + L – It justifies to the left the selected text, or the current line.
၎။ Ctrl + I – The same thing does that Tab.
၅။ Tab – It is giving the area to each of the windows opened by Google Talk.
၆။ Ctrl + Tab – The same thing does that Shift + Tab .
၇။ Shift + Tab – The same thing does that Tab but in reverse.
၈။ Ctrl + Shift + L -Switch between points, numbers, letters, capital letters, roman numbers and capital roman numbers
၉။ Ctrl + 1 (KeyPad) – It does a simple space between the lines.
၁ဝ။ Ctrl + 2 (KeyPad) – It does a double space between the lines
၁၁။ Ctrl + 5 (KeyPad) – A space does 1.5 between the lines.
၁၂။ Ctrl + 1 (NumPad) – It goes at the end of the last line.
၁၃။ Ctrl + 7 (NumPad) – It goes at the begin of the last line.
၁၄။ Ctrl + F4 – It closes the current window.
၁၅။ Alt + F4 – It closes the current window.
၁၆။ Alt + Esc – It Minimize all the windows.
၁၇။ Windows + ESC – Open Google Talk (if it’s minimized, or in the tray)
၁၈။ F9 – Open Gmail to send an email to the current contact.
၁၉။ F11 – It initiates a telephonic call with your friend.
၂ဝ။ F12 – It cancels a telephonic call.
၂၁။ Esc – It closes the current window.
Tuesday, March 1, 2011
ဂရုစိုက်ရမယ့် ခါးနာဝေဒနာ
ခါးနာဝေဒနာဟာ လုပ်ငန်းခွင်က လူတွေသာမကဘဲ အိမ်မှုကိစ္စတွေနဲ့ လုံးပမ်းနေရတဲ့သူတွေလည်း ခံစားရတဲ့ ဝေဒနာတစ်ခုပါ။ ဘယ်လိုအခါမျိုးမှာ ဒီဝေဒနာခံစားရသလဲ၊ ဘာတွေကို ရှောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦး။
၁။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုပြီးတိုးလာတဲ့အခါမှာ ခါးနာတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကိုယ်အလေးချိန်ကို ပုံမှန်ထက် မတက်ပါစေနဲ့။
၂။ အစာစားတာ၊ ကွန်ပျူတာနဲ့ တီဗီကြည့်တာ၊ ကားမောင်းနဲ့အခါတွေမှာ မတ်မတ်ထိုင်ပါ။ ကိုယ်ကိုလိမ်ပြီး ထိုင်တာ၊ တစ်ဖက်ကို စောင်းထိုင်တာနဲ့ ခါးကို ညွတ်ပြီးထိုင်တာတွေကို မပြုမိပါစေနဲ့။
၃။ ကားစောင့်တာမျိုး၊ ကြာကြာမတ်တတ်ရပ်ရတဲ့အခါမျိုးမှာ ရပ်နေတဲ့ပုံစံကို မကြာခဏပြောင်းပေးပါ။ ခြေတစ်ဖက်ကနေ တစ်ဖက် ပြောင်းပြီးရပ်ပါ။
၎။ ခါးနာတာက ဒဏ်ဖြစ်တာ၊ ပင်ပင်ပန်းပန်း အလုပ်လုပ်တာတွေတင်မကဘဲ စိတ်ဖိစီးမှု၊ စိတ်ခံစားမှု၊ စိတ်တင်းကျပ်မှုတွေကြောင့် လည်း ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုပါ။
၅။ အလေးအပင်တွေ မတဲ့အခါအထူးပဲ သတိထားဖို့လိုပါတယ်။ မနိုင်မနင်းမတာမျိုး၊ ခါးကို ကုန်းပြီး မတာမျိုးတွေမလုပ်ပါနဲ့။ တစ်ခုခု သယ်တော့ မယ်ဆိုရင် ကိုယ်နဲ့အနီးဆုံးကပ်ထားပြီး ခါးကို မတ်မတ်ထားလို့ သယ်ပါ။
Cherry FM နဲ့ အဆိုရှင်ကျားပေါက် တေးဂီတအဖွဲ့လိုက်ပြိုင်ပွဲပူးပေါင်းကျင်းပ
အဆိုပြိုင်ပွဲတွေ၊အပြိုင်အဆိုင်ကျင်းပ နေတဲ့အချိန်မှာ Cherry FM နဲ့ Big Bag အဖွဲ့မှ အဆိုရှင် ကျားပေါက်တို့ ပူးပေါင်းပြီး ပရိသတ်တွေနဲ့ သိပ် မရင်းနှီး သေးတဲ့ တေးဂီတအဖွဲ့လိုက်ပြိုင်ပွဲ "Band Camp Rock Band" ပြိုင်ပွဲကြီး ကျင်းပသွားမယ်လို့ သိရပါတယ်။
"ကျွန်တော်က band ကနေ လာတဲ့ သူဖြစ်လို့နဲ့တူတယ်။ ဒီလို band လိုက် ပြိုင်ပွဲလုပ်တာကိုပဲ ပိုစိတ်ဝင်စားတယ်။ အဲဒါမှလည်း ကိုယ်တိုင် ဖန်တီးမှုကို အားပေးရာရောက်မယ်လေ"လို့ တစ်ဦးချင်းထက် အဖွဲ့ လိုက်ပြိုင်ပွဲ ပြုလုပ်ဖြစ်တဲ့ စိတ်ကူးကို ကျားပေါက်က ပြောပြပါတယ်။
Cherry FM မှအထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်ကလည်း ပြိုင်ပွဲ အမည်ကို Band Camp Rock Band လို့ အမည်ပေးထားပေမယ့် ပြိုင်ပွဲဝင်တွေဟာ ကြိုက်နှစ်သက်ရာ ဂီတအမျိုးအစားနဲ့ ပါဝင်ယှဉ်ပြိုင် နိုင်ပြီး ရေး၊ ဆို၊ တီး အားလုံးကို ကိုယ်တိုင် ဖန်တီးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
"We Promise the Difference လို့ပြောထားတဲ့အတိုင်း သူများတွေနဲ့ မတူအောင် ဒီပရိုဂရမ်ကို ရွေးလုပ်လိုက်တာပါ။ ဒီဟာက ကျွန်တော်တို့အတွက် စီစဉ်ရခက်သလို ၀င်ပြိုင်မယ့်သူတွေ အတွက်လည်း တော်တော်လေးခက်ပါတယ်"လို့ သူက ဆိုပါတယ်။
အဲဒီလိုခက်ခဲတာကြောင့် လာပြိုင်တဲ့သူတွေ နည်းတာဖြစ်နိုင်တယ်လို့ သုံးသပ်တဲ့ ကျားပေါက်ကလည်း "Demo CD ကို လူတွေက အချော၊ အကြီးအကျယ် သွင်းထားတာမျိုးလို့ ထင်နေကြတယ်။ အမှန်တော့ ဒီတိုင်း ဟော်လိုလေးတီးပြီး ကက်ဆက်လေးနဲ့ သွင်းထား တာဖြစ်ဖြစ် ရတယ်။ အဆင်ပြေရင်ရွေးမှာပဲ"လို့ ဆိုပါတယ်။
"အဓိကက band နဲ့ ဖြစ်ဖို့ပါပဲ။ Team Work ဘယ်လောက်ကောင်းလဲ ဆိုတာကို အဓိကကြည့်သွားမှာပါ။ အဆို၊ အရေးတွေ သိပ် ကောင်းပေမယ့် အတီးပိုင်း ဂွမ်းနေရင်လည်း အမှတ်ရမှာ မဟုတ်ပါဘူး။ ပြိုင်တဲ့သူဘက်ကလည်း ပေးရတာမတူဘူး။ ကိုယ် တစ်ယောက်တည်း ကောင်းနေလို့ကတော့ ဆောရီးပဲ။ ဘာလို့လဲဆိုတော့ band တစ်ခု အောင်မြင်ဖို့က team workက အဓိကပဲလေ"လို့လည်း ပြိုင်ပွဲဝင်တွေ သိထားသင့်တဲ့ အဓိကသော့ချက်ကို ပြောပါတယ်။
ဒီပြိုင်ပွဲကိုတော့ Cherry FM စလွှင့်တဲ့ ၂၀၀၉ ခုနှစ်ကတည်းက တောင်ကြီးမှာ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး အခု တတိယ အကြိမ် မြောက်ပြိုင်ပွဲကိုတော့ အုပ်စုသုံးစုခွဲလို့ ရန်ကုန်၊ Max Studioမှာ ကျင်းပမှာပါ။ ကျင်းပမယ့် ရက်တွေ ကတော့ မတ်လ ၁ ရက်၊ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေပဲ ဖြစ်ပါတယ်။ အုပ်စုသုံးစုမှာ ရွေးချယ်လိုက်တဲ့ အကောင်းဆုံးအဖွဲ့သုံးဖွဲ့ကို Band of the Month အဖြစ် ချီးမြှင့်သွားမှာဖြစ်ပြီး တစ်ဖွဲ့ချင်းစီရဲ့ဆုရသီချင်းကို Cherry FMမှာ တစ်လပတ်လုံး ထုတ်လွှင့်ပေးသွားမှာဖြစ်တဲ့အပြင် အဖွဲ့သုံးဖွဲ့ ပေါင်းလို့လည်း တေးစီးရီးလည်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ အဖွဲ့တွေ အတွက် ၀င်ကြေးကျပ် ၅,၀၀၀ ဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာကို ကရ၀ိက်ဥယျာဉ် အတွင်းမှာရှိတဲ့ Cherry FM ရုံးခန်းမှာ ထုတ်ယူကာ Demo CDနဲ့တကွ လျှောက်ထားနိုင်ပြီလို့ သတင်းကောင်းပေးလိုက်ပါတယ်နော်။
Monday, February 28, 2011
အချစ်နှင်ပညာေ၇း
လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။
ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။
ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။
ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။
အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။
ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။
ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။
အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။
(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)
ဆရာကြီးပါရဂူ ဘာသာပြန် “ဘ၀ မီးတိုင်” စာအုပ်မှ ကောက်နုတ်ချက်
Sunday, February 27, 2011
သတ္တိသွေးကြွယ်
မလိုက်၇ဲ၇င်တော့  အသိုက်ထဲမှာပဲနေခဲ့လေ
တနေနီးမှာပေါ့ေ၇ှ့ ခ၇ီးမျှော် မာန်တင်းပါလို့  ငှက်ဆိုတာကပျံ၇င်းသေ
ကဆုန်ဆိုင်းသလိုပေါ့ မုန်းတိုင်းသာေ၇ှ့ မှာပွေ တောမီးတွေကေ၇ှ့မှာဝိုင်း
ခြေင်္သေ့ ကမြတ်မစား ကျားကကြွက်မချောင်း ၊ ဖွတ်တွေက မိကျောင်းလိုမနေ
ြ ဥသြကဝေေ၀ သွန်သံလေတဲ့  စိမ်းမြညို အောက်ကို တိုးလို့ 
အမောခံ့  ဇောမာန်တင်း ကယ်၇င်းသေ ခရီးဆက်မယ်တဲ့ .........။
Friday, February 25, 2011
နှလုံးသားဥယျောဇဉ်
ခွင့် လွတ်ပါ  အမေ ********
ဟောင်းခဲ့ တဲ့ အတိတ်က တကယ်လို့ အိမ်မက်သာဟုတ်ခဲ့ ၇င် ဒီချိန်ဆို အမေ ကြည်နူးနိုင်မလား
ပျော်ပါတယ် ငါ့ သား၇ယ်ဆိုတဲ့ စကားကို  တကယ်လို့ သားနားကြားသာမလွဲ့ ခဲ့ ၇င် သားကြား၇မှာပါနော်
မှားခဲ့ တာ ၇ှိလဲ ခွင့် လွတ်စေချင်သလို ဖြစ်ချင်သလိုမဖြစ်တဲ့ ဘ၀မှာ အမေကို  သားသိပ်ချစ်ခဲ့ တာပါ
ငယ်ငယ်ကတည်းက ကောင်ကင် အ၇ိပ်လို တင်းစားတဲ့   အဖေ      မ၇ှိခဲ့ ဘဲ နဲ့  ပထ၀ီမြေသား            မေမေ နှ လုံးသားပေါ်ကနေ  ဆူးမကြောက်နင်းလျှောက်၇ဲ့ ခဲ့ တဲ့  သားခြေထောက်တွေတောင်  ခုချိန်မှာ ယုံကြည်မှုမ၇ှိတော့ သလိုပဲ အမေ၇ယ်တကယ်ဆိုနွေးထွေးမလာနိုင်တော့ တဲ့ ကောင်ကင်အ၇ိပ်အစား မေမေနှလုံးသား တခါးကို သာဖွင့် နိုင်ဖို့ သားပို အလို၇ှိခဲ့ တာ     ဒါမှမဟုတ်   မေမေ ၇ဲ့  ၇င်ခွင်ပိုက်  အနမ်းချိုတွေကိုသာ   သားမက်မောမိတာလေဒါတွေကို  တကယ်ပဲမသိခဲ့ တာ လား  မသိချင်ယောင်များဆောင်နေခဲ့ တာလားအမေ၇ယ်*******
ဘွဲ ၀တ်စုံတွေနဲ့ ခဏမြင်၇တဲ့ အမေဘ၀မှာ ပျော်၇ွင်ကြည်းနူးပါစေတော့ ၇ယ်လို့ 
စိတ်ကူးတာတွေလဲ ပျက်ကုန်ပြီအမေ ****  ဒါဆို၇င်
ဘွဲ့ နှင်းသဘင်ခန်းမ မှာ  မိဘတွေအတွက် ပေးထားတဲ့ နေ၇ာတွေကေ၇ာ  သားဘ၀အတွက် အမှတ်သညာမဖြစ်တော့ ဘူးပေါ့
အပြင်တက္ကသိုလ်တွေရဲ   ခဏတာအိမ်အလွမ်းဆိုတာ   
သာတို့ လို မင်းခေ.ယာင်္ကျားစစ်သားတေ.ယာက်၇ဲ အိမ်အလွမ်းနဲ့ ယှဉ်၇င်တော့
Birthday coffee  လို ပဲ ခပ်ဖျော့ ဖျော့ အဆင့် လောက် ပဲ ၇ှိမှာပါ
ဘွဲ့ ဝတ်စုံနဲ့ သားနဘေး အမေ၇ှိမနေပဲမဲ့   အမေ ပေးခဲ့ တဲ့ ပညာအမွေကြောင့် 
"မဟာအ၇ည်အချင်းစစ်သင်တန်းတက်ေ၇ာက်၇န်  အဆင့် မှီသည်  " ဆိုတဲ့ စာကြောင်းလေးကြောင့်ေ၇ာ
ဂုဏ်ယူနေမလား
ခွင့် လွတ်ပါမေမေ******
ဘေးမှာမင်း၇ှိ၇င်
         မေ၇၇ာ မသေချာတဲ့ လွန်းတဲ့ 
        ဝေဒနာပြတင်းပေါက်အစွန်မှာ
       ဖြေစ၇ာ စကားလေးတွေနဲ့ 
ကြင်နာစ၇ာ စကားလေးကြောင့် သာ
နားခို စ၇ာတစ်ကွေ့  ထာ၀၇  အလင်းတန်းကို တွေ့ မိချိန်*****************
ဝေဒနာ အသစ်တွေနဲ့ 
သေချာမဲ့ မေတ္တာစစ်မဟုတ်၇င်
သေ၇ာပါဒဏ်၇ာဖြစ်အောင်ခြေ၇ာတွေချန်၇စ်မနေစေချင်*****************
၇ှင်သန်နေတယ်လေ
တင်ကျန်တဲ့ အ၇ိပ်ဆိုးကို
နားလည်မှု့ ဆိုတဲ့ စကားလုံး
တခါတည်းသုံးပြီး
မှန်ကန်လေးနက်  ယုံကြည်ချက်သာတည်ဆောက်ခွင့် ၇ခဲ့ ၇င်**************
နေမင်းကြီး၇ယ်
ဆယ်နွေမကပူစမ်းပါစေ
မိုးမင်းကြီး၇ယ်
မင်းဘယ်လောက်ထိ သဲနိုင်မလဲ
လေမင်းကြီး၇ယ်
မင်းဘယ်လောက်ထိထန်နိုင်မလဲ
ခိုင်မြဲတဲ့ လက်တစုံနဲ့ 
အေးမြတဲ့ ၇င်ခွင်ထဲ ချစ်သူသာဝင်လာ၇ဲခဲ့ ၇င်**********
အ၇ှုင်ဘု၇ား
တပည့် တော်ကို ခြေချစ၇ာနေ၇ာတခုသာပေးပါ
ကမ္ဘာမြေကို  ဟိုးတဖက်  အဝေး
ကောင်းကောင်းတွန်းပစ်ပေးနိင်ပါတယ်  =====
တယောက်ထဲသာ
ကဲ-------  ဘာတွေကိုငေးမောလို့ 
ဘယ်အ၇ာတွေကို တွေးတေားနေဦးမလဲ
ဆိုတာ က ကြိုလာမဲ့ အနာဂတ်အတွက်လေ********
ခွင့် လွတ်ပါလို့ မတောင်းပန်ချင်ပေမဲ့ 
မကောင်းခဲ့ တဲ့ငါ့ အဖြစ်ကြောင့် 
ပေါင်းဖတ်ခွင့် မ၇ှိခဲ့ ၇င်တောင်
ေ၇ာက်နေ၇ာ အ၇ပ်ကနေ
ငါ------------တကယ်ခွင့်လွတ် စေချင်တာပါ
မထူးတော့မဲ့ အတူတူ
ငါအ၇မ်းရုး၇ပါပြီ
ပေါချာချာအကြည့် တဖက်အစွန်းမှာ
ပြောစ၇ာဖြစ်လောက်အောင်
သောက  သာပါလာခဲ့၇င်
စောစောကတည်းက ပြောခဲ့ချင်တယ်
တယောက်ထဲသာ   ထားခဲ့ ပါ
ကဲ    ဒါဆို၇င်
ဘာတွေကို ငေးမောလို့ 
ဘယ်အ၇ာတွေ ကို တွေးတေားနေဦးမလဲ
ဆိုတာက ကြို လာမဲ့ အနာဂတ်အတွက်လေ                     
(ကွန်ချွန်  )
တစစ်ချိုးအိမ်မက်(၂)
နွေးဦးတော့မဟုတ်လေဘူးမေ ------       
လေရူးတွေတော့ တိုက်ခတ်နေလေရဲ့
ပြောင်းလဲခြင်းနိယာမ သဘော  ငါဖြည်းဖြည်းချင်းနားလည်လာတော့ 
ငါခွင့် လွတ် နိုင်တက်လာပါပြီ
ဒါပေမဲ့ စကတည်းကစိတ်မပါခဲ့ ၇င် အိပ်နေရှာတဲ့ ငါ နှလုံးသားကို မနိုးနဲ့ ပေါ့ ဟာ
နိုးသွားမှ   "sorry"   ပါဆို၇င် ရက်စက်ရာကျမနေဘူးလားမေရယ်......
အပစ်တော့မယူရက်ပါဘူး
ချစ်တက်ခဲ့ တဲ့ ငါ့ အပစ်၇ယ်ပါ 
အမှတ်မ၇ှိတဲ့ ငါကို က "goodbye"ပြောတာတောင်  "good night"ကြားပြီ ဘယ်ချိန်နိုးဦးမလဲ အတွေးနဲ့   အိပ်စက်နေရသူလေးးးးးးးး
တစ်စစ်ချိုးအိမ်မက်
ဘ၀ဆိုတာ ပုံဆောင်ခဲသက်သက် မဟုတ်ခဲ့ ၇င်  သွန်းရုပ်ထုလို ငါ့ ကိုမလှောင်လိုက်ပါနဲ့ .....
တချက်တချက်နဲ့  အသက်ရှုဖို့ တောင် ဒီလောက်ခက်ခဲနေ၇တဲ့ ငါ့ နှလုံးသားကို စာနာ၇င်ပေါ့းးးးးး
လေပြည်တွေ၇ဲဆောင်ကျဉ်းမှု့ နဲ့ အတူမင်း ကိုယ်သင်းရနံသာပါလာခဲ့ ရင် -------
ငါ အသက်ကို ဖြည်းဖြည်း ရှူနေမိမှာပါ  မင်းရနံတွေပျေက်ပျက်သွားမှာကြောက်လို့ ပေါ့းးးးးး
တနေကွယ်တိုင်းသာ တခါလွမ်း၇၇င်  လမိုက်ညကို ပဲတမ်းတပါတယ်ချစ်သူ    ဖြစ်နိုင်၇င်  မလွမ်းချင်လို့ လေးးးးး
ချစ်တက်၇ဲ၇င် လွမ်းရဲသင့် ဖို့ တော့ ကောင်းပေ မဲ့   
ငါ့ တကယ်ကြုံချိန်မှာတော့.....တစစ်ချိုးအိမ်မက်သာမက်ခွင့်၇သူပါးးးးးးးးးးးးးး