Monday, February 28, 2011
အချစ်နှင်ပညာေ၇း
လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။
ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။
ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။
ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။
အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။
ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။
ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။
အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။
(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)
ဆရာကြီးပါရဂူ ဘာသာပြန် “ဘ၀ မီးတိုင်” စာအုပ်မှ ကောက်နုတ်ချက်
Sunday, February 27, 2011
သတ္တိသွေးကြွယ်
မလိုက်၇ဲ၇င်တော့  အသိုက်ထဲမှာပဲနေခဲ့လေ
တနေနီးမှာပေါ့ေ၇ှ့ ခ၇ီးမျှော် မာန်တင်းပါလို့  ငှက်ဆိုတာကပျံ၇င်းသေ
ကဆုန်ဆိုင်းသလိုပေါ့ မုန်းတိုင်းသာေ၇ှ့ မှာပွေ တောမီးတွေကေ၇ှ့မှာဝိုင်း
ခြေင်္သေ့ ကမြတ်မစား ကျားကကြွက်မချောင်း ၊ ဖွတ်တွေက မိကျောင်းလိုမနေ
ြ ဥသြကဝေေ၀ သွန်သံလေတဲ့  စိမ်းမြညို အောက်ကို တိုးလို့ 
အမောခံ့  ဇောမာန်တင်း ကယ်၇င်းသေ ခရီးဆက်မယ်တဲ့ .........။
Friday, February 25, 2011
နှလုံးသားဥယျောဇဉ်
ခွင့် လွတ်ပါ  အမေ ********
ဟောင်းခဲ့ တဲ့ အတိတ်က တကယ်လို့ အိမ်မက်သာဟုတ်ခဲ့ ၇င် ဒီချိန်ဆို အမေ ကြည်နူးနိုင်မလား
ပျော်ပါတယ် ငါ့ သား၇ယ်ဆိုတဲ့ စကားကို  တကယ်လို့ သားနားကြားသာမလွဲ့ ခဲ့ ၇င် သားကြား၇မှာပါနော်
မှားခဲ့ တာ ၇ှိလဲ ခွင့် လွတ်စေချင်သလို ဖြစ်ချင်သလိုမဖြစ်တဲ့ ဘ၀မှာ အမေကို  သားသိပ်ချစ်ခဲ့ တာပါ
ငယ်ငယ်ကတည်းက ကောင်ကင် အ၇ိပ်လို တင်းစားတဲ့   အဖေ      မ၇ှိခဲ့ ဘဲ နဲ့  ပထ၀ီမြေသား            မေမေ နှ လုံးသားပေါ်ကနေ  ဆူးမကြောက်နင်းလျှောက်၇ဲ့ ခဲ့ တဲ့  သားခြေထောက်တွေတောင်  ခုချိန်မှာ ယုံကြည်မှုမ၇ှိတော့ သလိုပဲ အမေ၇ယ်တကယ်ဆိုနွေးထွေးမလာနိုင်တော့ တဲ့ ကောင်ကင်အ၇ိပ်အစား မေမေနှလုံးသား တခါးကို သာဖွင့် နိုင်ဖို့ သားပို အလို၇ှိခဲ့ တာ     ဒါမှမဟုတ်   မေမေ ၇ဲ့  ၇င်ခွင်ပိုက်  အနမ်းချိုတွေကိုသာ   သားမက်မောမိတာလေဒါတွေကို  တကယ်ပဲမသိခဲ့ တာ လား  မသိချင်ယောင်များဆောင်နေခဲ့ တာလားအမေ၇ယ်*******
ဘွဲ ၀တ်စုံတွေနဲ့ ခဏမြင်၇တဲ့ အမေဘ၀မှာ ပျော်၇ွင်ကြည်းနူးပါစေတော့ ၇ယ်လို့ 
စိတ်ကူးတာတွေလဲ ပျက်ကုန်ပြီအမေ ****  ဒါဆို၇င်
ဘွဲ့ နှင်းသဘင်ခန်းမ မှာ  မိဘတွေအတွက် ပေးထားတဲ့ နေ၇ာတွေကေ၇ာ  သားဘ၀အတွက် အမှတ်သညာမဖြစ်တော့ ဘူးပေါ့
အပြင်တက္ကသိုလ်တွေရဲ   ခဏတာအိမ်အလွမ်းဆိုတာ   
သာတို့ လို မင်းခေ.ယာင်္ကျားစစ်သားတေ.ယာက်၇ဲ အိမ်အလွမ်းနဲ့ ယှဉ်၇င်တော့
Birthday coffee  လို ပဲ ခပ်ဖျော့ ဖျော့ အဆင့် လောက် ပဲ ၇ှိမှာပါ
ဘွဲ့ ဝတ်စုံနဲ့ သားနဘေး အမေ၇ှိမနေပဲမဲ့   အမေ ပေးခဲ့ တဲ့ ပညာအမွေကြောင့် 
"မဟာအ၇ည်အချင်းစစ်သင်တန်းတက်ေ၇ာက်၇န်  အဆင့် မှီသည်  " ဆိုတဲ့ စာကြောင်းလေးကြောင့်ေ၇ာ
ဂုဏ်ယူနေမလား
ခွင့် လွတ်ပါမေမေ******
ဘေးမှာမင်း၇ှိ၇င်
         မေ၇၇ာ မသေချာတဲ့ လွန်းတဲ့ 
        ဝေဒနာပြတင်းပေါက်အစွန်မှာ
       ဖြေစ၇ာ စကားလေးတွေနဲ့ 
ကြင်နာစ၇ာ စကားလေးကြောင့် သာ
နားခို စ၇ာတစ်ကွေ့  ထာ၀၇  အလင်းတန်းကို တွေ့ မိချိန်*****************
ဝေဒနာ အသစ်တွေနဲ့ 
သေချာမဲ့ မေတ္တာစစ်မဟုတ်၇င်
သေ၇ာပါဒဏ်၇ာဖြစ်အောင်ခြေ၇ာတွေချန်၇စ်မနေစေချင်*****************
၇ှင်သန်နေတယ်လေ
တင်ကျန်တဲ့ အ၇ိပ်ဆိုးကို
နားလည်မှု့ ဆိုတဲ့ စကားလုံး
တခါတည်းသုံးပြီး
မှန်ကန်လေးနက်  ယုံကြည်ချက်သာတည်ဆောက်ခွင့် ၇ခဲ့ ၇င်**************
နေမင်းကြီး၇ယ်
ဆယ်နွေမကပူစမ်းပါစေ
မိုးမင်းကြီး၇ယ်
မင်းဘယ်လောက်ထိ သဲနိုင်မလဲ
လေမင်းကြီး၇ယ်
မင်းဘယ်လောက်ထိထန်နိုင်မလဲ
ခိုင်မြဲတဲ့ လက်တစုံနဲ့ 
အေးမြတဲ့ ၇င်ခွင်ထဲ ချစ်သူသာဝင်လာ၇ဲခဲ့ ၇င်**********
အ၇ှုင်ဘု၇ား
တပည့် တော်ကို ခြေချစ၇ာနေ၇ာတခုသာပေးပါ
ကမ္ဘာမြေကို  ဟိုးတဖက်  အဝေး
ကောင်းကောင်းတွန်းပစ်ပေးနိင်ပါတယ်  =====
တယောက်ထဲသာ
ကဲ-------  ဘာတွေကိုငေးမောလို့ 
ဘယ်အ၇ာတွေကို တွေးတေားနေဦးမလဲ
ဆိုတာ က ကြိုလာမဲ့ အနာဂတ်အတွက်လေ********
ခွင့် လွတ်ပါလို့ မတောင်းပန်ချင်ပေမဲ့ 
မကောင်းခဲ့ တဲ့ငါ့ အဖြစ်ကြောင့် 
ပေါင်းဖတ်ခွင့် မ၇ှိခဲ့ ၇င်တောင်
ေ၇ာက်နေ၇ာ အ၇ပ်ကနေ
ငါ------------တကယ်ခွင့်လွတ် စေချင်တာပါ
မထူးတော့မဲ့ အတူတူ
ငါအ၇မ်းရုး၇ပါပြီ
ပေါချာချာအကြည့် တဖက်အစွန်းမှာ
ပြောစ၇ာဖြစ်လောက်အောင်
သောက  သာပါလာခဲ့၇င်
စောစောကတည်းက ပြောခဲ့ချင်တယ်
တယောက်ထဲသာ   ထားခဲ့ ပါ
ကဲ    ဒါဆို၇င်
ဘာတွေကို ငေးမောလို့ 
ဘယ်အ၇ာတွေ ကို တွေးတေားနေဦးမလဲ
ဆိုတာက ကြို လာမဲ့ အနာဂတ်အတွက်လေ                     
(ကွန်ချွန်  )
တစစ်ချိုးအိမ်မက်(၂)
နွေးဦးတော့မဟုတ်လေဘူးမေ ------       
လေရူးတွေတော့ တိုက်ခတ်နေလေရဲ့
ပြောင်းလဲခြင်းနိယာမ သဘော  ငါဖြည်းဖြည်းချင်းနားလည်လာတော့ 
ငါခွင့် လွတ် နိုင်တက်လာပါပြီ
ဒါပေမဲ့ စကတည်းကစိတ်မပါခဲ့ ၇င် အိပ်နေရှာတဲ့ ငါ နှလုံးသားကို မနိုးနဲ့ ပေါ့ ဟာ
နိုးသွားမှ   "sorry"   ပါဆို၇င် ရက်စက်ရာကျမနေဘူးလားမေရယ်......
အပစ်တော့မယူရက်ပါဘူး
ချစ်တက်ခဲ့ တဲ့ ငါ့ အပစ်၇ယ်ပါ 
အမှတ်မ၇ှိတဲ့ ငါကို က "goodbye"ပြောတာတောင်  "good night"ကြားပြီ ဘယ်ချိန်နိုးဦးမလဲ အတွေးနဲ့   အိပ်စက်နေရသူလေးးးးးးးး
တစ်စစ်ချိုးအိမ်မက်
ဘ၀ဆိုတာ ပုံဆောင်ခဲသက်သက် မဟုတ်ခဲ့ ၇င်  သွန်းရုပ်ထုလို ငါ့ ကိုမလှောင်လိုက်ပါနဲ့ .....
တချက်တချက်နဲ့  အသက်ရှုဖို့ တောင် ဒီလောက်ခက်ခဲနေ၇တဲ့ ငါ့ နှလုံးသားကို စာနာ၇င်ပေါ့းးးးးး
လေပြည်တွေ၇ဲဆောင်ကျဉ်းမှု့ နဲ့ အတူမင်း ကိုယ်သင်းရနံသာပါလာခဲ့ ရင် -------
ငါ အသက်ကို ဖြည်းဖြည်း ရှူနေမိမှာပါ  မင်းရနံတွေပျေက်ပျက်သွားမှာကြောက်လို့ ပေါ့းးးးးး
တနေကွယ်တိုင်းသာ တခါလွမ်း၇၇င်  လမိုက်ညကို ပဲတမ်းတပါတယ်ချစ်သူ    ဖြစ်နိုင်၇င်  မလွမ်းချင်လို့ လေးးးးး
ချစ်တက်၇ဲ၇င် လွမ်းရဲသင့် ဖို့ တော့ ကောင်းပေ မဲ့   
ငါ့ တကယ်ကြုံချိန်မှာတော့.....တစစ်ချိုးအိမ်မက်သာမက်ခွင့်၇သူပါးးးးးးးးးးးးးး