Sunday, August 28, 2011

ပုံရိပ်စစ်



မင်းစိတ်ညစ်နေရင်...မင်းဘေးနားမှာနေရစ်ပြီး
အားပေးစကားတွေ...ငါပြောပေးမယ်...
မင်းပျော်ရွှင်နေရင်...မင်းပိုပျော်လာအောင်လို့
အတွေးစိတ်ကူးလေးတွေ..ငါဖန်တီးပေးမယ်..
ဘာပဲဖြစ်ဖြစ်စိတ်မညစ်ဖို့..ငါတောင်းပန်ချင်တယ်ကွာ
ကြုံလာသမျှအခက်အခဲတွေကို...မင်းတယောက်တည်းမခံစားစေရဘူး
ဆိုးတူကောင်းတူ..မင်းနဲ့ဝေမျှယူမယ်
မင်းစိတ်ထားမှာစွဲမှတ်ထားရမှာက
မင်းအနားမှာ....ငါထာဝရရှိတယ်
နောက်ဆုံးပြောချင်တာက
မင်းဘယ်တော့မှအားမငယ်နဲ့..
အမြဲတမ်းကြိုးစားရမှာက မင်းတာဝန်..
ပူပင်သောကတွေနဲ့ကြုံရပေမယ့်
သူ့နောက်ကွယ်မှာ ပျော်ရွှင်ခြင်းများစွာက
မင်းကိုစောင့်နေလိမ့်မယ်ဆိုတာ
မင်းဘယ်တော့မှမေ့မသွားပါနဲ့နော်........................(မင်းသန့် )

0 comments: