ခါးနာဝေဒနာဟာ လုပ်ငန်းခွင်က လူတွေသာမကဘဲ အိမ်မှုကိစ္စတွေနဲ့ လုံးပမ်းနေရတဲ့သူတွေလည်း ခံစားရတဲ့ ဝေဒနာတစ်ခုပါ။ ဘယ်လိုအခါမျိုးမှာ ဒီဝေဒနာခံစားရသလဲ၊ ဘာတွေကို ရှောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦး။
၁။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုပြီးတိုးလာတဲ့အခါမှာ ခါးနာတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကိုယ်အလေးချိန်ကို ပုံမှန်ထက် မတက်ပါစေနဲ့။
၂။ အစာစားတာ၊ ကွန်ပျူတာနဲ့ တီဗီကြည့်တာ၊ ကားမောင်းနဲ့အခါတွေမှာ မတ်မတ်ထိုင်ပါ။ ကိုယ်ကိုလိမ်ပြီး ထိုင်တာ၊ တစ်ဖက်ကို စောင်းထိုင်တာနဲ့ ခါးကို ညွတ်ပြီးထိုင်တာတွေကို မပြုမိပါစေနဲ့။
၃။ ကားစောင့်တာမျိုး၊ ကြာကြာမတ်တတ်ရပ်ရတဲ့အခါမျိုးမှာ ရပ်နေတဲ့ပုံစံကို မကြာခဏပြောင်းပေးပါ။ ခြေတစ်ဖက်ကနေ တစ်ဖက် ပြောင်းပြီးရပ်ပါ။
၎။ ခါးနာတာက ဒဏ်ဖြစ်တာ၊ ပင်ပင်ပန်းပန်း အလုပ်လုပ်တာတွေတင်မကဘဲ စိတ်ဖိစီးမှု၊ စိတ်ခံစားမှု၊ စိတ်တင်းကျပ်မှုတွေကြောင့် လည်း ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုပါ။
၅။ အလေးအပင်တွေ မတဲ့အခါအထူးပဲ သတိထားဖို့လိုပါတယ်။ မနိုင်မနင်းမတာမျိုး၊ ခါးကို ကုန်းပြီး မတာမျိုးတွေမလုပ်ပါနဲ့။ တစ်ခုခု သယ်တော့ မယ်ဆိုရင် ကိုယ်နဲ့အနီးဆုံးကပ်ထားပြီး ခါးကို မတ်မတ်ထားလို့ သယ်ပါ။
Labels: ကျန်းမာေ၇း