စေတနာ က မျက်၇ည်တစဖြစ်ခဲ့  ၇င် မောင့် နှလုံးသားနဲ့ သုတ်ပေးချင်တယ် ဝေးကွာမှုနဲ့ သတိ၇ခြင်းက စိုး၇ိမ်မှုလွန်ကဲနေခဲ့ ၇င် ခွင့်လွတ်ပေးဖို့ မတောင်းဆိုဘူး မယုံကြည်ဘူးလားလို့ လဲ မမေးပါနဲ့  ယုံကြည်မှုကင်းမဲ့ စွာချစ်တက်တာ၊ တွန့် တိုခြင်း တွေ နဲ့ ချစ်တက်ခဲ့တာတွေက မောင် ခန္ဒာကိုယ် က ချွေးစက်ဆို၇င်တောင် သုတ်ပစ်ဖို့ ဘယ်တော့ မှမကြိုးစားဘူး အလိုလို ပျောက်ပျက်သွားချိန်
ဒါမှမဟုတ် မ သုတ်ပေးမဲ့ အချိန်ေ၇ာက်မှသာ မောင် ခွင့် ပြုမယ် ဒီချွေးစက်တွေက အပစ်တခုဆိုခဲ့၇င်ပေါ့းးးးးးးးး
ပြန်မဆုံခြင်းနေ့ ၇က်တွေကို
ေ၇ှာင်ကွင်းနိုင်ခြင်းကင်းမဲ့ အောင်
ထားသွား၇က်တဲ့ မေ့ ကို
မေ့ မ၇ခြင်းများစွာနဲ့ 
ကို သတိ၇နေမယ်
လညပတ်နေတဲ့ သွေးတွေ ၇ပ်တန့် ကုန်တော့ မှ
ကို ချစ်ခြင်းတွေ သေဆုံးစေမယ်
ပြန်လာမှ မေ့ မျက်ဝန်းက ချစ်ခြင်းတွေကို
ဖတ်ပြီး ကို အပေါ်ဘယ်လောက်ချစ်လဲ ဆိုတာ မေးမယ် ကြံမှ
ထားသွား၇က်တဲ့ မေ့ ကို ပစ်ခွာမသွားခြင်းဆိုတဲ့ နှောင်ကြိုးနဲ့ 
ကိုဘ၀ဆုံးတဲ့ အထိချစ်သွားမယ်
ကျေးဇူးပြုပြီးတော့  မေ့ အငွေ့ အသက်မ၇ှိတော တဲ့ 
အုတ်ဂူမှာကဗျာဆန်ဆန် ပန်းစီးတော့  မချပါ၇စေနဲ့ 
ကို မျက်၇ည်တွေကို ကို ကိုယ်တိုင် ထန်းးချူပ်နိုင်စွမ်းမ၇ှိသလို
မျက်၇ည်တွေမြေခ အလွမ်းညကိုလဲ ဖြတ်ကျော်နိုင်ဖို့  အင်အား
ကိုမှာမ၇ှိဘူးလေ
မေ့ အပြုံး မေ့ မျက်နှာ ကိုတောင် နောက်ဆုံးမြင်တွေ့ ခွင့် မ၇နိုင်တော့တဲ့ 
ကို အဖြစ်က ဆောင်းညမှာမက်တဲ့ အိမ်မက်လိုပဲ ပုံပြင်ဆန်လွန်းလှတယ်
သေချာပါတယ် မေ
အ၇င်က မေ့ စိတ်နဲ့  အသက်၇ှင်တဲ့ ဘ၀ကနေ
မျော်လင့် ခြင်းတွေပျောက်ေ၇ာက်ချင်၇ာေ၇ာက်ဆိုတဲ့ စိတ်နဲ့ 
ဘ၀ကိုဆက်လျောက် ကို လမ်းပျောက်နေပြီ မေ .........။
ဒီတစ်ပတ် အပျော်တမ်းလှည့်ကွက်တစ်ခုဖြစ်တဲ့ ဖျက်လို့မရတဲ့ ဖိုင်နဲ့ ဖိုလ်ဒါ ဆောက်နည်းလေးကို အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
NTFS စနစ်အသုံးပြုတဲ့ Windows XP, Win2000, Win7 နဲ့ Vistaတွေမှာ ဖိုင်နဲ့ ဖိုလ်ဒါတွေကို နာမည်ပေးတဲ့အခါ ကန့်သတ်ချက်တွေ ရှိပါတယ်။ Windows API ခေါ်တဲ့ ကွန်ပျူတာပရိုဂရမ်ရေးသားမှု အကန့်အသတ်တွေကြောင့် ဖိုလ်ဒါနဲ့ ဖိုင်တွေကို AUX, CON, NUL, COM1, LPT1 စတဲ့ အမည်တွေ အလွယ်တကူ ပေးလို့မရပါဘူး။
ဥပမာ-ကွန်ပျူတာမှာ ဖိုင်(သို့မဟုတ်)ဖိုလ်ဒါတစ်ခုကို AUX အမည်ပေးပြီး တည်ဆောက်ကြည့်ပါ၊ လုပ်လို့ မရတာတွေ့ရပါမယ်။
ဒီကန့်သတ်ချက်ကို အသုံးပြုပြီးတော့ ဖိုင်နဲ့ ဖိုလ်ဒါတွေတည်ဆောက်ထားနိုင်မယ်ဆိုရင် ၎င်းဖိုလ်ဒါနဲ့ဖိုင်တွေကို ဖျက်ပစ်လို့မရနိုင် တော့ပါ။
အထက်ကဖော်ပြခဲ့တဲ့ အမည်တွေနဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေတည်ဆောက်မယ်ဆိုရင်တော့ DOS Command ကို အသုံးပြုပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။
Command prompt မှာ C:\>md C:AUX လို့ ဖိုလ်ဒါဆောက်ကြည့်မယ်ဆိုရင် Directory name is invalid. ဆိုပြီး AUX ဖိုလ်ဒါကို တည်ဆောက်မရကြောင်း ဖော်ပြပါလိမ့်မယ်။
အောက်ဖော်ပြပါအတိုင်း တည်ဆောက်ကြည့်မယ်ဆိုရင်တော့ တည်ဆောက်လို့ ရရှိသွားပါလိမ့်မယ်။
C:\>md \\.\C:AUX လို့ Command Prompt မှာ ရိုက်ပြီး Enterခေါက် လိုက်ပါ။ AUX ဖိုလ်ဒါကို တည်ဆောက်လို့ ရသွားမှာဖြစ် ပါတယ်။ နောက်ပြီး တည်ဆောက်ထားတဲ့ ဖိုလ်ဒါကို ဖျက်ကြည့်ပါ။ ဖျက်လို့မရတာကို တွေ့ရပါလိမ့်မယ်။ AUX ဖိုလ်ဒါထဲကို တခြား ဖိုင်တွေကူးထည့်ကြည့်ပါ။ ကူးထည့်လို့ရတာတွေ့ ပါလိမ့်မယ်။
၎င်း AUX ဖိုလ်ဒါကို ဖျက်ချင်ရင်တော့ C:\>rd \\.\C:AUX ဆိုပြီး Command Prompt ကနေ ရိုက်ထည့်ပြီး ဖျက်ရမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါနည်းနဲ့ ဖိုလ်ဒါတစ်ခုတည်ဆောက်ထားမယ်ဆိုရင် မျက်စိမှောက်ပြီး ဖိုလ်ဒါဖျက်ပစ်မိတဲ့ အမှားက ကင်းလွတ်နိုင် ပါကြောင်း ဒီတစ်ပတ် အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
လိုချင်၇င်တောင် မ၇နိုင်တော့တဲ့  အတိတ်မှာ
မင်း၇ဲအ၇ိပ်
၇နံ ၊ဟန်ပန် ၊ သ
မြန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခုဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ အတွက် လေယာဉ်ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက်အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သေးသည်။
၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည်အပြင် တခြားဒုံးကျည်များ တပ်ဆင်နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့်သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။
တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင်လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံးစရိတ်အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
၁။ Ctrl + E – It centralizes the selected text, or the current line.
၂။ Ctrl + R – It justifies to the right the selected text, or the current line.
၃။ Ctrl + L – It justifies to the left the selected text, or the current line.
၎။ Ctrl + I – The same thing does that Tab.
၅။ Tab – It is giving the area to each of the windows opened by Google Talk.
၆။ Ctrl + Tab – The same thing does that Shift + Tab .
၇။ Shift + Tab – The same thing does that Tab but in reverse.
၈။ Ctrl + Shift + L -Switch between points, numbers, letters, capital letters, roman numbers and capital roman numbers
၉။ Ctrl + 1 (KeyPad) – It does a simple space between the lines.
၁ဝ။ Ctrl + 2 (KeyPad) – It does a double space between the lines
၁၁။ Ctrl + 5 (KeyPad) – A space does 1.5 between the lines.
၁၂။ Ctrl + 1 (NumPad) – It goes at the end of the last line.
၁၃။ Ctrl + 7 (NumPad) – It goes at the begin of the last line.
၁၄။ Ctrl + F4 – It closes the current window.
၁၅။ Alt + F4 – It closes the current window.
၁၆။ Alt + Esc – It Minimize all the windows.
၁၇။ Windows + ESC – Open Google Talk (if it’s minimized, or in the tray)
၁၈။ F9 – Open Gmail to send an email to the current contact.
၁၉။ F11 – It initiates a telephonic call with your friend.
၂ဝ။ F12 – It cancels a telephonic call.
၂၁။ Esc – It closes the current window.
ခါးနာဝေဒနာဟာ လုပ်ငန်းခွင်က လူတွေသာမကဘဲ အိမ်မှုကိစ္စတွေနဲ့ လုံးပမ်းနေရတဲ့သူတွေလည်း ခံစားရတဲ့ ဝေဒနာတစ်ခုပါ။ ဘယ်လိုအခါမျိုးမှာ ဒီဝေဒနာခံစားရသလဲ၊ ဘာတွေကို ရှောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦး။
၁။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုပြီးတိုးလာတဲ့အခါမှာ ခါးနာတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကိုယ်အလေးချိန်ကို ပုံမှန်ထက် မတက်ပါစေနဲ့။
၂။ အစာစားတာ၊ ကွန်ပျူတာနဲ့ တီဗီကြည့်တာ၊ ကားမောင်းနဲ့အခါတွေမှာ မတ်မတ်ထိုင်ပါ။ ကိုယ်ကိုလိမ်ပြီး ထိုင်တာ၊ တစ်ဖက်ကို စောင်းထိုင်တာနဲ့ ခါးကို ညွတ်ပြီးထိုင်တာတွေကို မပြုမိပါစေနဲ့။
၃။ ကားစောင့်တာမျိုး၊ ကြာကြာမတ်တတ်ရပ်ရတဲ့အခါမျိုးမှာ ရပ်နေတဲ့ပုံစံကို မကြာခဏပြောင်းပေးပါ။ ခြေတစ်ဖက်ကနေ တစ်ဖက် ပြောင်းပြီးရပ်ပါ။
၎။ ခါးနာတာက ဒဏ်ဖြစ်တာ၊ ပင်ပင်ပန်းပန်း အလုပ်လုပ်တာတွေတင်မကဘဲ စိတ်ဖိစီးမှု၊ စိတ်ခံစားမှု၊ စိတ်တင်းကျပ်မှုတွေကြောင့် လည်း ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုပါ။
၅။ အလေးအပင်တွေ မတဲ့အခါအထူးပဲ သတိထားဖို့လိုပါတယ်။ မနိုင်မနင်းမတာမျိုး၊ ခါးကို ကုန်းပြီး မတာမျိုးတွေမလုပ်ပါနဲ့။ တစ်ခုခု သယ်တော့ မယ်ဆိုရင် ကိုယ်နဲ့အနီးဆုံးကပ်ထားပြီး ခါးကို မတ်မတ်ထားလို့ သယ်ပါ။
အဆိုပြိုင်ပွဲတွေ၊အပြိုင်အဆိုင်ကျင်းပ နေတဲ့အချိန်မှာ Cherry FM နဲ့ Big Bag အဖွဲ့မှ အဆိုရှင် ကျားပေါက်တို့ ပူးပေါင်းပြီး ပရိသတ်တွေနဲ့ သိပ် မရင်းနှီး သေးတဲ့ တေးဂီတအဖွဲ့လိုက်ပြိုင်ပွဲ "Band Camp Rock Band" ပြိုင်ပွဲကြီး ကျင်းပသွားမယ်လို့ သိရပါတယ်။
"ကျွန်တော်က band ကနေ လာတဲ့ သူဖြစ်လို့နဲ့တူတယ်။ ဒီလို band လိုက် ပြိုင်ပွဲလုပ်တာကိုပဲ ပိုစိတ်ဝင်စားတယ်။ အဲဒါမှလည်း ကိုယ်တိုင် ဖန်တီးမှုကို အားပေးရာရောက်မယ်လေ"လို့ တစ်ဦးချင်းထက် အဖွဲ့ လိုက်ပြိုင်ပွဲ ပြုလုပ်ဖြစ်တဲ့ စိတ်ကူးကို ကျားပေါက်က ပြောပြပါတယ်။
Cherry FM မှအထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်ကလည်း ပြိုင်ပွဲ အမည်ကို Band Camp Rock Band လို့ အမည်ပေးထားပေမယ့် ပြိုင်ပွဲဝင်တွေဟာ ကြိုက်နှစ်သက်ရာ ဂီတအမျိုးအစားနဲ့ ပါဝင်ယှဉ်ပြိုင် နိုင်ပြီး ရေး၊ ဆို၊ တီး အားလုံးကို ကိုယ်တိုင် ဖန်တီးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
"We Promise the Difference လို့ပြောထားတဲ့အတိုင်း သူများတွေနဲ့ မတူအောင် ဒီပရိုဂရမ်ကို ရွေးလုပ်လိုက်တာပါ။ ဒီဟာက ကျွန်တော်တို့အတွက် စီစဉ်ရခက်သလို ၀င်ပြိုင်မယ့်သူတွေ အတွက်လည်း တော်တော်လေးခက်ပါတယ်"လို့ သူက ဆိုပါတယ်။
အဲဒီလိုခက်ခဲတာကြောင့် လာပြိုင်တဲ့သူတွေ နည်းတာဖြစ်နိုင်တယ်လို့ သုံးသပ်တဲ့ ကျားပေါက်ကလည်း "Demo CD ကို လူတွေက အချော၊ အကြီးအကျယ် သွင်းထားတာမျိုးလို့ ထင်နေကြတယ်။ အမှန်တော့ ဒီတိုင်း ဟော်လိုလေးတီးပြီး ကက်ဆက်လေးနဲ့ သွင်းထား တာဖြစ်ဖြစ် ရတယ်။ အဆင်ပြေရင်ရွေးမှာပဲ"လို့ ဆိုပါတယ်။
"အဓိကက band နဲ့ ဖြစ်ဖို့ပါပဲ။ Team Work ဘယ်လောက်ကောင်းလဲ ဆိုတာကို အဓိကကြည့်သွားမှာပါ။ အဆို၊ အရေးတွေ သိပ် ကောင်းပေမယ့် အတီးပိုင်း ဂွမ်းနေရင်လည်း အမှတ်ရမှာ မဟုတ်ပါဘူး။ ပြိုင်တဲ့သူဘက်ကလည်း ပေးရတာမတူဘူး။ ကိုယ် တစ်ယောက်တည်း ကောင်းနေလို့ကတော့ ဆောရီးပဲ။ ဘာလို့လဲဆိုတော့ band တစ်ခု အောင်မြင်ဖို့က team workက အဓိကပဲလေ"လို့လည်း ပြိုင်ပွဲဝင်တွေ သိထားသင့်တဲ့ အဓိကသော့ချက်ကို ပြောပါတယ်။
ဒီပြိုင်ပွဲကိုတော့ Cherry FM စလွှင့်တဲ့ ၂၀၀၉ ခုနှစ်ကတည်းက တောင်ကြီးမှာ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး အခု တတိယ အကြိမ် မြောက်ပြိုင်ပွဲကိုတော့ အုပ်စုသုံးစုခွဲလို့ ရန်ကုန်၊ Max Studioမှာ ကျင်းပမှာပါ။ ကျင်းပမယ့် ရက်တွေ ကတော့ မတ်လ ၁ ရက်၊ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေပဲ ဖြစ်ပါတယ်။ အုပ်စုသုံးစုမှာ ရွေးချယ်လိုက်တဲ့ အကောင်းဆုံးအဖွဲ့သုံးဖွဲ့ကို Band of the Month အဖြစ် ချီးမြှင့်သွားမှာဖြစ်ပြီး တစ်ဖွဲ့ချင်းစီရဲ့ဆုရသီချင်းကို Cherry FMမှာ တစ်လပတ်လုံး ထုတ်လွှင့်ပေးသွားမှာဖြစ်တဲ့အပြင် အဖွဲ့သုံးဖွဲ့ ပေါင်းလို့လည်း တေးစီးရီးလည်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ အဖွဲ့တွေ အတွက် ၀င်ကြေးကျပ် ၅,၀၀၀ ဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာကို ကရ၀ိက်ဥယျာဉ် အတွင်းမှာရှိတဲ့ Cherry FM ရုံးခန်းမှာ ထုတ်ယူကာ Demo CDနဲ့တကွ လျှောက်ထားနိုင်ပြီလို့ သတင်းကောင်းပေးလိုက်ပါတယ်နော်။
လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။
ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။
ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။
ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။
အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။
ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။
ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။
အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။
(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)
ဆရာကြီးပါရဂူ ဘာသာပြန် “ဘ၀ မီးတိုင်” စာအုပ်မှ ကောက်နုတ်ချက်
မလိုက်၇ဲ၇င်တော့  အသိုက်ထဲမှာပဲနေခဲ့လေ
တနေနီးမှာပေါ့ေ၇ှ့ ခ၇ီးမျှော် မာန်တင်းပါလို့  ငှက်ဆိုတာကပျံ၇င်းသေ
ကဆုန်ဆိုင်းသလိုပေါ့ မုန်းတိုင်းသာေ၇ှ့ မှာပွေ တောမီးတွေကေ၇ှ့မှာဝိုင်း
ခြေင်္သေ့ ကမြတ်မစား ကျားကကြွက်မချောင်း ၊ ဖွတ်တွေက မိကျောင်းလိုမနေ
ြ ဥသြကဝေေ၀ သွန်သံလေတဲ့  စိမ်းမြညို အောက်ကို တိုးလို့ 
အမောခံ့  ဇောမာန်တင်း ကယ်၇င်းသေ ခရီးဆက်မယ်တဲ့ .........။
0 comments
Labels: ကဗျာ